4/30/15

နီပေါတွင်လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ဗုဒ္ဓဂယာရှိ သာသနိက အဆောက်အအုံများ တစ်စုံတစ်ရာထိခိုက်မှုမရှိဟု သိရ

Wednesday, April 29, 2015
နီပေါတွင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ဗုဒ္ဓ ဂယာရှိ သာသနိက အဆောက်အအုံ များတစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်း ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရေး ကော် မတီမှ သိရသည်။
ဗုဒ္ဓဂယာတည်ရှိရာအိန္ဒိယနိုင်ငံ နှင့် နီပေါနိုင်ငံမှာနယ်နိမိတ်ချင်းထိ စပ်နေသော်လည်း ဗုဒ္ဓဂယာရှိ သာ သနိက အဆောက်အအုံများ တစ်စုံ တစ်ရာထိခိုက်မှုမရှိခဲ့ဘဲ မူလအတိုင်း အဆောက်အအုံများတည်ရှိကြောင်း ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရေးကော် မတီ(ဒါနဗုဒ္ဓဂယာဘုရားဖူးပို့ဆောင် ရေးလုပ်ငန်း)မှတာဝန်ရှိသူ ဦးမောင် မောင်မြင့်ကပြောသည်။
''ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်တွေ က သင်္ကြန်ပြီးကတည်းကကို ရပ်လိုက် ကြတာ။ ဘုရားဖူးရာသီသိမ်းကြပြီ။တကယ်လို့ သွားကြမယ်ဆိုရင်လဲ ထိခိုက်မှုမရှိဘူး။ နီပေါကငလျင်က ခတ္တမန္ဒူတောင်ပေါ်ဘက်ဆိုတော့ လုမ္ဗိနီနဲ့ဝေးတယ်။ ဗုဒ္ဓဂယာကလဲ ဘာမှထိခိုက်တာမျိုးမဖြစ်ခဲ့ဘူး။ ဒီ အတိုင်း ရှိနေပါတယ်။ ဒီနှစ်ဘုရား ဖူး သွားတဲ့သူတွေကလဲ အရင်နှစ် ထက်များတယ်''ဟု ယင်းက ပြော သည်။
ဧပြီ ၂၅ ရက်ကနီပေါနိုင်ငံခတ္တ မန္ဒူတွင် အင်အား၇ဒသမ ၉ ရစ်ခ်ျ တာစကေးဖြင့်လှုပ်ခတ်ခဲ့သော အင် အားပြင်းငလျင်ကြောင့် လူပေါင်း ၅ဝဝဝ ကျော်သေဆုံးခဲ့ရပြီး ဒဏ်ရာ ရရှိသူများနှင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
''ငလျင်က နီပေါနိုင်ငံအတွင်း မှာလှုပ်ခဲ့တာဆိုတော့ အိန္ဒိယနိုင်ငံ အတွင်းက ဗုဒ္ဓဂယာကိုထိခိုက်မှု လုံးဝမရှိခဲ့ပါဘူး။ နိုင်ငံတစ်နိုင်ငံချင်း စီဖြစ်တဲ့အတွက် မထိခိုက်ဘူး။ နောက် နီပေါမှာရှိတဲ့လုမ­္ဗိနီကလဲ နီပေါအစပ် လောက်မှာရှိတာဆိုတော့ ဝေးတယ်။ ခတ္တမန္ဒူနဲ့ကီလိုမီတာ၃၅ဝလောက် ကိုဝေးတဲ့အတွက် ဘာမှထိခိုက်မှုကို မရှိခဲ့ဘူး''ဟုမဇ္ဈိမဂုဏ်ဘုရားဖူးပို့ ဆောင်ရေးလုပ်ငန်းမှတာဝန်ရှိသူ မနန္ဒာက ပြောသည်။
နီပေါတွင်ဖြစ်ပွားခဲ့သော ယင်း ဖြစ်စဉ်ကြောင့် လာမည့်ဗုဒ္ဓဂယာ ခရီးသွားရာသီကိုတစ်စုံတစ်ရာထိ ခိုက်မှုမရှိနိုင်သလို ယခုနှစ်မြန်မာ နိုင်ငံမှ ဗုဒ္ဓဂယာဘုရားဖူးသွားရောက် သူဦးရေမှာသုံးသောင်းကျော်ရှိခဲ့ပြီး ယခင်နှစ်ထက်မြင့်တက်ခဲ့ကြောင်း သိရသည်။

ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
Yangon Media Group
Categories: