4/25/15

“ကဆုန်လပြည့် -ဗုဒ္ဓနေ့ (ဆု၊ ဖွား၊ ပွင့်၊ စံ )”

“ကဆုန်လပြည့် -ဗုဒ္ဓနေ့ (ဆု၊ ဖွား၊ ပွင့်၊ စံ )” 

“ကဆုန်လပြည့် -ဗုဒ္ဓနေ့ (ဆု၊ ဖွား၊ ပွင့်၊ စံ )” 

( ကဆုန်လပြည်နေ့ -၁ ဆု ) ၁-ဂေါတမဗုဒ္ဓ အလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌သုမောဓာရသေ့ဖြစ် ခဲ့သည်။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဗုဒ္ဓ၏ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကိုရယူနိုင်သော်လည်းဘ၀သံသရာ၌နစ်မွန်းမျောပါနေကုန်သော ဝေနေယျသတ္တ၀ါအပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။

( ကဆုန်လပြည်နေ့ -၂ ဖွား) ၂-ဗုဒ္ဓအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် ၊သောကြာ နေ့ဝယ် ဒေ၀ဒဟပြည်နှင့် ကပိလ၀တ်ပြည်၏အကြားရှိ လုမ္ဗိနီသာမော အင်ကြင်း တော၌ မယ်တော်မာယာဝမ်းကြာတိုက်မှ မီးရှူးသန့်စင် ဖွားမြင်တော်မူလေသည်။

( ကဆုန်လပြည်နေ့ -၃ ပွင့် ) ၃-အသက် ၃၅-နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယာမ်အချိန်ဝယ် လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညူဗုဒ္ဓအဖြစ်သို့ ရောက်တော်မူလေသည်။

( ကဆုန်လပြည်နေ့ -၄ စံ ) ၁၇ -ဘုရားဖြစ်သည့်အချိန်မှစ၍၄၅-၀ါကာလပတ်လုံး သတ္တ၀ါတို့၏အကျိုး စီးပွားကို မနားမနေဆောင်ရွက်တော်မူခဲ့သော ဂေါတမဗုဒ္ဓသည် သက်တော် ၈၀-အရွယ်ရောက်သောအခါ မဟာသက္ကရာဇ်၁၄၈-ခု၊ကဆုန်လပြည့် အင်္ဂါ နေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ဥယျာဉ်တော်၌ ပရိနိဗ္ဗာန် ၀င်စံတော် မူလေသည်။

- ဗုဒ္ဓဘာသာလူငယ်များအသင်း(မြန်မာပြည် )http://saintsaneducation.blogspot.com.au/2013/05/blog-post_23.html

ဒီနေ့က ကျွန်ုပ်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ နေ့ထူးနေ့မြတ်လေးပါ..     ဖွား၊ ပွင့်၊ ဟော၊ စံ-
ဆိုတဲ့ စကားလေး အတိုင်းပါပဲ.. 

ဖွား= မြတ်စွာဘုရားဖွားတော်မူသောနေ့
ပွင့်= မြတ်စွာဘုရား ပွင့်တော်မူသောနေ့(ဘုရားဖြစ်တော်မူသောနေ့)
ဟော= မြတ်စွာဘုရား ပဉ္စ၀ဂ္ဂီငါးဦးကို ပထမဆုံး ဓမ္မစင်္ကြာတရား ဟောတော်မူသောနေ့
စံ= မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသောနေ့
အဲဒီလေးခုလုံးဟာ ကဆုန်လပြည့်နေမှာ ဖြစ်ခဲ့တာ ကြည့်ပါပဲ... ဒါကြောင့်လည်း ဗုဒ္ဓနေ့လို့ ခေါ်ဆိုတာပေါ့နော်..
အဲဒါကြောင့် ဗုဒ္ဓနေ့ကို ရည်မှန်းပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ကြပါစို့ဗျာ..
ကဆုန်လပြည့်နေ့ သီချင်းလေးလည်း တင်ပေးလိုက်တယ်နော်...

အစတုန်းကတော့ ပို့စ်ကို အရှည်ရေးမလို့ပါပဲ အချိန်မရတာရယ်၊ မအားတာကြောင့် ဒီလောက်
နဲ့ပဲ အဆုံးသတ်လိုက်တာပါ...
ရာဇာ(ကျေးလက်သားလေး) http://villagethar2011.blogspot.com.au/2011/05/blog-post_17.html
ကဆုန်လပြည့်နေ့ 

ကဆုန်လပြည့် ဗုဒ္ဓနေ့
ဗျာ, ဖွား, ပွင့်, စံ၊ ဤလေးတန်၊ မှန်ရန် ဗုဒ္ဓနေ့။ ဟူသော
ဗုဒ္ဓ၀င်သီတံအရ
ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကို ခံယူပါတယ်။
ဖွား-ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါတယ်။
ပွင့်-ကဆုန်လပြည့်နေ့မှာ ပွင့်တော်မူပါတယ်။
စံ-ကဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန် စံဝင်တော်မူပါတယ်။

ဤကဲ့သို့ ကဆုန်လပြည့်နေ့မှာချည်း မြတ်ဗုဒ္ဓရဲ့ အဖြစ်တော် လေးမျိုးစလုံး တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်ခဲ့တဲ့ အတွက်ကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေဖြင့် ဗုဒ္ဓနေ့လို့ အထွဋ်အမြတ်ထား ခေါ်ဝေါ်ပြောဆိုရတာ ဖြစ်ပါတယ်။

ချမ်းသာကြီးဆရာတော် ဦးဇောတိက
2009 တုန်းက ရေးထားတဲ့ ဗုဒ္ဓနေ့ ဆောင်းပါးပါ၊ ပြန်လည်မျှဝေလိုက်ပါတယ်..

ကဆုန်လပြည့် ဗုဒ္ဓနေ့ (သို့ ) Vesak Day

မဟာလူသား မြတ်ဗုဒ္ဓ ,သစ္စာတ၇ားကို လမ်းညွှန်ဖော်ထုတ်တော်မူတဲ့ မြတ်စွာဘုရား ရှင်ရဲ့ မွေးနေ့ကို ရောက်ပါပြီ၊ ခရစ်တော်နဲ့ လူထုပေါင်းစည်းတဲ့နေ့ကို ခရစ်စမတ်တဲ့ ။ ဗုဒ္ဓနဲ့ လူထုပေါင်းစည်းတဲ့နေ့ကို ၀ိဆတ်ဒေး လို့ခေါ်ပါတယ်။ နိုင်ငံတကာမှာ တနိုင်ငံနဲ့ တနိုင်ငံ ကျင်းပပုံတွေကလဲ မတူညီကြပါဘူး။ ရိုးရာ ပြက္ခဒိန်ကို လိုက်ပြီး နေ့ရက်တွေလွဲသလို အခေါ်အဝေါတွေလဲ လွဲနေတာ တွေ့ရပါလိမ့်မယ်။

အိန္ဒိယ၊ ဘင်္ဂလားဒေရှ်နဲ့ နီပေါနိုင်ငံတွေမှာ ဤလပြည့်နေ့ကို ၀ိဆာခ်ပူဇ(Visakah Puja)၊ ဗုဒ္ဓ ပုရ်နိမာ(Buddha Purnima)၊ ဗုဒ္ဓဇယန္တိ(Buddha Jayanti)လို့လဲ အသိများပါတယ်။ ထိုင်းနိုင်ငံမှာက တော့ ၀ိဆာခဘုချ( Visakha Bucha)၊ ဗီယက်နမ်မှာ ဖက်ဒန်း(Phật Đản)၊ အင်ဒိုနီးရှားမှာ ၀ိုင်းဆက် (Waisak)၊ သီရိလင်္ကာမှာ ၀ိဆက်(ဝေ့ဆက်)( Vesak (Wesak))၊ တရုတ်စကားပြောတဲ့ မလေးရှားနဲ့ တရုတ်မှာ ဖောဒန်း(佛誕 (fó dàn))၊ တိဗက်မှာ စကဒ၀(Saga Dawa)လို့ အသီးသီး ခေါ်ဆို အသုံးပြုကာ ပွဲတော်များကို ကျင်းပလေ့ရှိပါတယ်။ လာအိုနိုင်ငံမှာလဲ ဒီပွဲတော်နဲ့ ထပ်တူဖြစ်တဲ့ ပွဲတော် တစ်ခုရှိပါတယ်။ အဆိုပါ ပွဲတော်ကတော့ ၀ိကဆက်ခ ဘောကဆ(Vixakha Bouxa)လို့ ခေါ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ ဒီအချိန်ကျင်းပတဲ့ ဒီပွဲတော်ကို ကဆုန်လပြည့်(Ka-sone-la-pyae)လို့ အမည်တွင်ပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာပြက္ခဒိန်ရဲ့ ဒုတိယမြောက်လဖြစ်တဲ့ ကဆုန်လပြည့်လို့ ဆိုလိုပါတယ်။ သီရိလင်္ကာ၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှာ ဒီဝိဆက်ပွဲတော်အခါသမယကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြပါတယ်။
အမျိုးမျိုးသော ဓလေ့ထုံးစံများမှာ အသုံးပြုတဲ့ မတူထူးခြားတဲ့ ပြက္ခဒိန်တွေရဲ့ အလိုအရ ၀ိဆက်ပွဲတော်ရက်ကို အတိအကျ သတ်မှတ်ဖို့တော့ ခက်ပါတယ်။

ဗုဒ္ဓဘာသာပြက္ခဒိန်ကို လက်ခံ အသုံးပြုတဲ့ ထေရ၀ါဒတိုင်းပြည်များမှာ ထုံးစံအားဖြင့် ငါးလမြောက် သို့မဟုတ် ခြောက်လမြောက်ရဲ့ လပြည့်နေ့၊ ဥပုသ်နေ့မှာ ပွဲတော်ရက် ကျရောက်ပါတယ်။ တရုတ်နိုင်ငံမှာတော့ တရုတ်ပြက္ခဒိန်မှာ ပထမဆုံးလပြည့်ကျတဲ့ လေးလမြောက်ဖြစ်ပါတယ်။ အနောက်တိုင်းပြက္ခဒိန်အရကတော့ ပွဲတော်ရက် ဟာ တစ်သမတ်တည်း မရှိနိုင်ပါဘူး။ ဒါပေမယ့် များသောအားဖြင့် ဧပြီလနဲ့ မေလမှာတော့ ကျရောက် လေ့ရှိပါတယ်။

၁၉၅၀ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာဝင်များညီလာခံကြီးကို သီရိလင်္ကာနိုင်ငံမှာ ကျင်းပ ခဲ့ပါတယ်။ အဆိုပါ ညီလာခံမှာ မြတ်စွာဘုရားရဲ့ မွေးနေ့ကို ၀ိဆက်နေ့အဖြစ် ပွဲတော်ကျင်းပကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၀ိဆက်အခါတော်နေ့ရောက်တိုင်း တစ်ကမ္ဘာလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓဘာသာဓလေ့ထုံးစံများရဲ့ ထူးခြားတဲ့ အဖြစ်အပျက်များကို အမှတ်တရ ဂုဏ်ပြုလေ့ရှိကြပါတယ်။ တခါတရံ ဗုဒ္ဓနေ့လို့လဲ သုံးကြပါသေးတယ်။ အမှန်ပြောရရင် ဒီပွဲတော်ရက်ဟာ ဗုဒ္ဓမြတ်စွာရဲ့ မွေးနေ့၊ သဗ္ဗညုတညာဏ်အလင်းရရှိတဲ့နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့များနဲ့လဲ တိုက်ဆိုင်နေပါ တယ်။
ဒါကို မြန်မာ့ယဉ်ကျေးမှုမှာတော့ ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ မှတ်ရန် လကဆုန်လို့ မှတ်ရလွယ်အောင် သင်္ကေတ ပြုထားကြပါတယ်။

၁- ဒီပင်္ကရာ မြတ်စွာဘုရားက သုမေဓာ အမျိုးကောင်းသားကို လေးသင်္ချေ ကမ္ဘာတသိန်းထက်မှာ ဂေါတမ ဗုဒ္ဓနာမည်နဲ့ ဘုရားဖြစ်လိမ့်မယ်လို့ မိန့်ကြားခဲ့တာလဲ ဒီကဆုန်လပြည့်နေ့ပါပဲ။

၂- မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့် ဘီစီ ၆၂၃ မှာ မွေးဖွားခဲ့ပါတယ်။

၃- မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ (ဘီစီ ၅၈၈ )မှာ ဘုရားအဖြစ်ကိုရောက်တော်မူပါတယ်။

၎- မဟာသက္ကရာဇ် ၁၀၄ ကဆုန်လပြည့် ဘီစီ ၅၈၇ မှာ ဗုဒ္ဓ၀င်အကျဉ်းကိုဟောတော်မူပါတယ်

၅= မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အဂါင်္နေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် ၀င်စံတော်မူပါတယ်။
ဘုရားအဖြစ်နဲ့ ၄၅ ၀ါ သီတင်းသုံးတော်မူခဲ့တယ်။ အဲဒီ ၄၅ နှစ်အတွင်းမှာ တရားဟောခြင်း သံဃာ့အဖွဲ့အစည်း ထူထောင်ခြင်း နှင့် လူနတ်ဗြဟ္မာ သတ္တ၀ါတို့ရဲ့အကျိုးတရားကို နေ့မနားညမအား ကြိုးစားဆောင်ရွက်တော်မူခဲ့ပါတယ်။

http://buddhismworld.ning.com/
အရှင်တိက္ခဥာဏာလင်္ကာရ

ဝန်ခံချက်။ အရှင်ကုသလသာမိ၏ ဘာသာပြန်ဆောင်းပါးကို ကိုးကားဖော်ပြသည်။