Pages - Menu

2/18/15

၂၀၁၅ ခုနှစ်ကို နှုတ်ဆက်ခြင်း – အဲးခိုး

  ၂၀၁၅ ခုနှစ်အလွန် အစိုးရသစ်သက်တမ်းမှာ သမ္မတ မလုပ် လိုတော့ကြောင်း ပြောပြ ခဲ့ဖူးတဲ့ နေပြည်တော် အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင် ဦးသိန်းစိန်ဟာ ယခုလာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ စာရင်း ပေးထားတယ်လို့ ပြည်ခိုင်ဖြိုးပါတီ၊ အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော် … သမ္မတရုံး ၀န်ကြီးတွေလည်း ရွေးကောက်ပွဲ ၀င်ကြမယ် …၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဟာ လိမ်ညာမှု ကင်းနိုင်ပါ့မလား …အချို့ဒေ သတွေမှာ လက်ရှိနေပြည်တော်အစိုးရက အားသွန် ခွန်စိုက် ငွေရေးကြေးရေး မကင်းတဲ့ ပစ္စည်း ကူညီရေးနဲ့ ဘာသာရေးသွေးဆောင်မှုတွေပါ လုပ်ကိုင်ဆောင်ရွက် နေကြ တာကို တွေ့ရ …




● စကားချီး

လူ့အဖွဲ့အစည်းအားလုံးရဲ့သမိုင်းဟာ လူတန်းစားသမိုင်းပါပဲ။ အဲဒီသမိုင်း ကို ခေတ်သစ်လူ့အဖွဲ့အ စည်းတွေ ရဲ့ သမိုင်းပါပဲ လို့တော့ မှတ်တမ်း မတင်ထိုက်ပါ။

(တောမှီရဟန်း)

● နိဒါန်း

““ဈေးကွက်ထဲက မမြင်ရတဲ့လက်”” ဆိုတာ တကယ်ရှိပါတယ်။ နိုင်ငံရေးထဲက မမြင်ရတဲ့လှည့်ကွက် ဆိုတာ လည်း တကယ်ရှိပါတယ်။ ပုန်ကန်မှုကို မွေးထုတ်ပေးတဲ့ သူရဲကောင်းကတော့ ဒီခေတ်မှာ မရှိတော့ပါဘူး။ ဒါပေ မဲ့ ဒီခေတ် မှာအရင်းရှင် ကမ္ဘာ့ဈေးကွက်ထဲကိုရောက်အောင် တွန်းပို့ပေးတဲ့ဈေးကွက် နိုင်ငံရေးသမား ကတော့ ကွက် ကွက် ကွင်းကွင်းကြီး မြင်နေရတယ်။

(တောင်ကလေးဆရာတော်)

● ရယ်စရာကြီးဖြစ်နေတယ်

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ လကုန်ဆုံးတဲ့ဒီနေ့ဟာ ခရီးတစ်ခုသွား ပါတယ်။ အဲဒီနေ့ ခရီးစဉ် ဟာ နိုင်ငံရေး စည်းရုံးရေးဆင်းတဲ့ စစ်ဝါဒီပါတီကြီး တစ်ခုနဲ့ ပက်ပင်းတိုးပါတယ်။ ဒီအချိန်ဒီအခါမှာ (ကော်မရှင် က) နိုင်ငံတော်က ပါတီတွေကို စည်းရုံးရေးဆင်းဖို့ ခွင့်ပြုထားတဲ့ ကာလ(အချိန်) မရောက်သေးပါဘူး။ (မဟုတ် သေးပါဘူး) သူတို့တွေစည်းရုံးတဲ့နေရာကို ခရီးက ဖြတ်သန်းသွားရမှာမို့ ကားလမ်းကိုကာ ပိတ်ဆို့ ထားတဲ့ အတွက်ကြောင့် ကားသွားမရဘဲ ကားပေါ်မှာပဲ အချိန်ကုန်ခဲ့တယ်။ နိုင်ငံရေး စည်းရုံးရေးဆင်းတာကို တိုက်ရိုက် မပြော ဘဲ ““တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲ””ဆိုတဲ့ သို့မဟုတ် နိုင်ငံရေးမျက် နှာစုံညီ အစည်း အဝေးပွဲလို့ ပြောနိုင်တဲ့ ခေါင်းစဉ် ပြောင်းနိုင်ငံရေး စည်းရုံးရေးဆင်းပြီး ဟောပြောနေတာ ကိုတွေ့ရ တယ်။ တောင် သူလယ်သမားတွေကို အထောက်အပံ့ ပေးမယ်။ တောင်သူလယ်သမား ဘ၀ဟာ အခြေခံလူတန်း စား ဖြစ်တယ်စတဲ့ စကားတွေ၊ အရေးကြီးတဲ့ ကတိပေးချက်တွေပါ ဟောပြောစည်းရုံးနေတာကို သိရတယ်။…

ကားပေါ်မှာထိုင်ပြီး အကဲခတ်နေတဲ့ အရှင်ကရယ်စရာတွေ အများကြီးတွေရ တယ်။ စည်းရုံးတော့ တောင်သူ လယ်သမား၊ ကားကြီးကားငယ်သုံးတော့ အစိုးရဌာန ဆိုင်ရာကား၊ ကားပေါ်မှာ ပါတီအလံတွေ ထူထားကြပြီး ပါတီဝင်တွေက စောင့်ကြိုဖို့ ရပ်နေကြတယ်။ စည်းရုံးရေးဟောပြောမယ့် ပုဂ်္ဂိုလ်ကြီးကတော့ ခုချိန်ထိပေါ်မ လာ သေးဘဲ (ပေါ်မလာသေးတော့) လမ်းကို ပိတ်ထားလို့ ခရီးသည်တွေ အတော်လေး ကြန့်ကြာခဲ့ တယ်။ စည်းရုံး ရေးအသွင် မဆောင်တဲ့အာဏာရှင် (အာဏာရ၊ အနိုင်ရ) ပါတီအဖွဲ့အစည်းတွေရဲ့ ပုံစံဟာေ ခါက်ကြိုးတွေ စနစ်မကျတာကို တွေ့ရပါတယ်။ ဒီပုံဒီနည်းနဲ့ဆိုရင်၂၀၁၅ ခုနှစ်ရဲ့ရလဒ် အဖြေက မသေချာနိုင်ပါဘူး။ မသေချာ မရေရာတဲ့ ခုလိုစည်းရုံးရေးမျိုးဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ဘေးထွက် ဆိုးကြီးေ တွ ဖြစ်လာမှာပါပဲ။ အဲဒီနေ့ကမြင်ရတဲ့ တစ်ဖက်ကအတိုက်အခံလုပ်မယ့် ပါတီဝင်တွေရဲ့ မျက်နှာက နီလို့နီလို့ရဲလို့ ရဲလို့ပါပဲ။ မကျေ နပ်တာလား၊ မနာလိုတာလား မပြောတတ်ပါ။ ကြံကြံဖန်ဖန်မြင်တတ်တဲ့ အရှင်က ရယ်စ ရာကြီးဖြစ်နေပါတယ်။

● ပြိုင်ဘက်ကင်းသေချာစွာ

ယခုလိုမျိုး ခေါင်းစဉ်ပြောင်းနိုင်ငံရေး စည်းရုံးမှုတွေ ကြိုတင်ပြီးဆင်းနေကြတာဟာ ပြည်သူတွေ သတိထား (သိထား) ဖို့တော့လိုမယ်။ပြည်သူတွေအကဲခတ်ထား ကြပါ။ ဘယ်သူကတော်တယ်၊ ဘယ်သူက ချော်တယ် ဆိုတာ ဝေဖန်ထားကြပါ။ သိထား ကြပါ။ သူတော်ကိုယ်တော်ချည်း သက်သက်တော့ မဖြစ်နိုင်ပါဘူး။ တစ်ခုထူး တာကတော့ တိုင်းရင်းသား ပါတီတွေကတော့ ငြိမ်ငြိမ်သက်သက် ငြိမ်းအေးစက်နဲ့ ငြိမ်နေကြတာကို တွေ့ရ တယ်။ ဘာအသံကိုမှ မထွက်ဘဲ တရားတော်မြတ်နာယူနေ သလို ငြိမ်ပြီးရှိနေကြတယ်။

ဟုတ်ပါတယ်။ တိုင်းရင်းသားအစုအဖွဲ့ (အဖွဲ့အစည်း) ပါတီတွေဟာ အင်အားကြီးမားတဲ့ ပါတီကြီးတို့လို မဟုတ် ကြတော့ စုစည်းတဲ့ နည်းစနစ်တွေ ကြီးရမယ်။ တည်ငြိမ်ရမယ်။ စည်းကမ်းပြည့်ဝငြိမ်သက်တဲ့ ပါတီဟာ အတုယူ စရာပါပဲ။ အမှားနည်းတာဟာ အမှန်ဘက်ကိုပြုတာပါပဲ။ အတတ် ပညာသင်ယူမှုဟာ တတ်တဲ့သူကို ကြည့်ပြီး သင်ယူမှတ်သားမှု ပြုရသလိုပဲ။ ယခုလည်း ခေါင်းစဉ်ပြောင်းနိုင်ငံရေး လှုပ်ရှားတဲ့ ပါတီကြီးတွေရဲ့ လှည့်ကွက်၊ မက်ကွက်၊ ထွက်ကွက်တွေကို တိုင်းရင်းသားပါတီတွေက အတုယူဖို့ရှိမရှိ သတိထားလေ့လာနေ ပါတယ်။ ဒီလို အကွက်မျိုးတွေကိုကြည့်ပြီး ရှောင်ရှား တတ်တဲ့ ပါတီဟာ၂၀၁၅ ခုနှစ်မှာ ပြိုင်ဘက်ကင်း သေချာစွာနိုင်မှာပါပဲ။

● ရွေးကောက်ပွဲက ကြည့်လို့ကောင်းမယ်

၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ သတင်းကို နားထောင်နေရင်းနဲ့ ပြည်သူ့ရင်မှာထူးခြားတဲ့ သတင်း တစ်ပုဒ် မှတ်သား ခဲ့ဖူးကြပါလိမ့်မယ်။ လက်ရှိ နေပြည်တော် အစိုးရရဲ့သမ္မတသတင်းပါပဲ။ ၂၀၁၅ ခုနှစ် အလွန် အစိုးရသစ် သက်တမ်းမှာ သမ္မတ မလုပ်လိုတော့ကြောင်း ပြောပြခဲ့ဖူးတဲ့ နေပြည်တော်အစိုးရအဖွဲ့ရဲ့ ခေါင်း ဆောင် ဦးသိန်းစိန်ဟာ ယခုလာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးထား တယ် လို့ ပြည်ခိုင်ဖြိုးပါတီ၊ အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ထုတ်ဖော် ပြောပြခဲ့တဲ့အကြောင်း ပြည်သူတွေ သိထား ကြပြီးသား ဖြစ်ပါလိမ့်မယ်။ ဦးသိန်းစိန်နဲ့ အတူသူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ သမ္မတရုံးက သမ္မတ ရုံးဝန်ကြီးတွေ လည်း ရွေးကောက်ပွဲဝင်ကြမယ်လို့ သတင်းဆောင်းပါး တစ်ပုဒ်မှာ ဖတ်ရပါတယ်။ ဆောင်းပါးထဲမှာ က လက်ရှိ ပါတီဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ လက်ရှိ သမ္မတဦးသိန်းစိန်တို့ နှစ်ဦးယှဉ်ပြိုင်ကြမယ်လို့ သုံးသပ်ထားပါတယ်။ ပါတီ အမာခံ ထောက်ခံသူတစ်ဦးရဲ့ အဆိုက(အပြောက) ရွေး ကောက်ပွဲက ကြည့်လို့ကောင်းသွားပြီလို့ ပြော တယ်။ ဘယ်လိုယုံရမလဲတော့ မပြောတတ်တော့ပါဘူး။ စိတ်ကူးယဉ်နေကြတာလား၊ နိုင်ငံရေးကစားဖို့ အကွက် ဆင်နေကြတာလား ပြည်သူတွေ စဉ်းစားသာကြည့်ကြ ပေတော့ပါပဲ။

● ဖြစ်ပျက်ဆိုမှတော့ ဖျက်ပစ်လို့ပြောသလို

လက်ရှိ အနေအထားအရဆိုရင် သမ္မတဦးသိန်းစိန်ကို ကြိုက်နှစ်သက်တဲ့ ပြည်သူတွေရှိသလို သာသနာ့ဝန်ထမ်း ရှင် ရဟန်းသံဃာတော် တွေထဲကလည်း ဦးသိန်းစိန်ကို အကြိုက်ဆုံးဖြစ်ကြောင်း ထုတ်ဖော် မိန့်ကြားခဲ့တဲ့ ဆရာ တော်ကြီးတွေလည်း ရှိကြပါတယ်။ အဲဒီအထဲက အထင်ရှားဆုံး ဆရာတော်ကြီးတစ်ပါးကတော့ ““၁၉၄၈ နောက်ပိုင်း ခေါင်းဆောင်အဆက်ဆက်တွင် သမ္မတဦးသိန်းစိန်အား အကြိုက်ဆုံး ဖြစ်ပြီး လက်ရှိအစိုးရကို နောက်ထပ်သက် တမ်းတစ်ခု ထမ်းဆောင်ခိုင်းသင့်””

လက်ရှိအနေအထားအရ လက်ရှိ သမ္မတကြီးဦးသိန်းစိန်ကို အကြိုက်ဆုံးပဲ””

““အများစုရဲ့ ကျေနပ်မှုကိုရအောင် လုပ်နိုင်တဲ့ ပုဂိ္ဂုလ်ရှာကြည့်တယ်၊ ရှားတယ်။ ဒါကြောင့် လက်ရှိ သမ္မတကြီး က ဆက်လုပ်ရင် ကောင်းမယ်လို့ တွေးမိတယ်””

““ဒါမှ သူ့ရဲ့ အစွမ်းသတိ္တကို သိရမယ်လေ။ ၁၀ နှစ်လောက်လုပ်လို့မှ မဖြစ်ရင်တော့ သွားပေါ့။ အခုဟာက ဆွေးနွေးတုန်း ရှိသေးတယ်။ သွားပြန်ပြီဆိုတာချည်းပဲ ကြုံ ခဲ့ရတယ်။ လူရွှင်တော်တွေပြက်သလို ဘာ ကမ္မဋ္ဌာန်း ရှုသလဲဆိုတော့ ဖြစ်ပျက်ကမ္မဋ္ဌာန်းလို့ပြောတယ်။ ဖြစ်ပျက်ဆိုမှတော့ ဖျက်ပစ်လို့ ပြော သလိုဖြစ်နေ တယ်လေ””

““အခြားနိုင်ငံတွေကို သတိထားကြည့်တယ်။ အစိုးရအဖွဲ့တွေ ကို နှစ်ဆက်လောက် ဆက် တိုက်တင်ကြ တာ တွေ့ရတယ်။ ၅နှစ် ဆိုတာ ဘာမှမကြာတာ။ဒါကြောင့် အစိုးရ တစ်ဖွဲ့ကို ၁၀ နှစ်လောက် တာဝန်ထမ်း ဆောင် ခိုင်းကြည့်သင့်တယ်လို့ ပြောတာ””အဲဒီလိုမျိုး မိန့်ကြားခဲ့တာကို တွေ့ရတယ်။ (၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့၊ Daily Eleven သတင်းစာမှ)

● ပြည်သူတွေပေးမယ့် ဆုံးဖြတ်ချက်ဟာ ဘာလဲ

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်နေ့က ပြုလုပ်တဲ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ အန်အယ်လ်ဒီခေါင်းဆောင်၊ ဥက္ကဋ္ဌကတော့““နိုင်ငံရေးသမားများ ကတိက၀တ် ပေးတာနဲ့ ပတ်သက်လို့ အများကြီးပဲသတိနဲ့ ဆင်ခြင်သင့် တယ်လို့ပဲ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူကိုပေးတဲ့ကတိဟာ တည်ရမယ်။ မတည်နိုင်ဘူးလို့ထင် ရင်မပေးဖို့ပဲရှိတယ်”” ““ဒီတော့ အခုနက မေးတဲ့အထဲမှာ ဦးသိန်းစိန်အစိုးရဟာဘယ် လောက်အထိ ကတိ က၀တ်တွေ တည်ခဲ့တယ်ဆိုတာဟာ ပြည်သူတွေကို ပြန်မေး ရမယ်။ ပြည်သူတွေကိုဘာကတိ က၀တ်တွေ ပေးခဲ့ သလဲ။ ပေးခဲ့တဲ့ကတိ က၀တ်တွေအတိုင်း လုပ်ခဲ့ရဲ့လားဆိုတာ ပြည်သူတွေ ကဆုံးဖြတ်ပေးနိုင်မှာ ဖြစ်ပါ တယ်””ဆိုတဲ့ အမြင်စကားဟာ မှတ်သားအပ် (မှတ်သားထိုက်) တဲ့စကားပါပဲ။ လက်ရှိ နေပြည်တော် အစိုးရ ကတော့ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ အသံတွေ၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်တဲ့ အကြောင်း အရာ တွေဘာသံမှ မပေးတော့ဘဲ ၂၀၁၅ ခုနှစ် နီးလေငြိမ်လေပါပဲ။ သတင်းတွေက အမျိုးမျိုးထွက်လာ (ဖြစ်လာ) တော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ လုပ်ဖြစ်မယ်လို့ပြေတယ်။ ဒီ ၂၀၁၅ ခုနှစ်မှာပဲ (မေလမှာ ပဲ) နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်လာမယ်လို့ UPWC နဲ့ NCCT ကိုယ်စားလှယ်တွေက ပြောတယ်။ ဒီအကြောင်းအရာတွေအားလုံးဟာ မြန်မာ ပြည်နိုင်ငံ ရေးပါပဲ။ ဒီအရေးတွေဟာ အရေးကြီးဆုံးအချက်က ဘာလဲလို့မေးရင် ၂၀၁၅ ခုနှစ်ရဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူလူထုတွေရဲ့ ဆုံးဖြတ်ချက်မမှားဖို့ အန်အယ်လ်ဒီခေါင်းဆောင်က အစိုးရိမ်ဆုံးဖြစ် ကြောင်း မိန့်ခဲ့တဲ့ သတင်းစကားဟာ ပြည်သူတွေကို သတိပေးနေတာကို တွေ့ရတော့ ၂၀၁၅ ခုနှစ်ရဲ့ အထွေထွေ ရွေးကောက်ပွဲ ဟာ ပြည်သူတွေပေးမယ့် ဆုံးဖြတ်ချက်ဟာ အဖြေများ ထွက်လာလေမလဲဆိုတာ ပြည်သူတွေရဲ့ အဆုံးအဖြတ် ကို စောင့်ကြည့်နေပါတယ်။

● နိုင်ငံရေးကူးပြောင်းမှု အာရုံများ

ဒီနေရာလေးမှာ အရှင်လည်းပဲဝင်ပြီး ဆွေးနွေးပါရစေ။ ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲဟာ လိမ်ညာမှု ကင်းနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်။ နိုင်ငံရေးဟာ ပြိုင် ဆိုင်မှနိုင်တာဖြစ်တာကြောင့် အနိုင်နဲ့ဆုံး ဖြတ်ရတဲ့ ကိစ္စ မျိုးဟာ မသမာမှုတွေ များပြားမှာပါပဲ။ သီလဆောက်တည်ပြီး ယှဉ်ပြိုင်တဲ့ နိုင်ငံရေးမဟုတ်တော့ ပြောရခက်သား ပါပဲ။ ၂၀၁၀ပြည့်နှစ်ကရခဲ့တဲ့ သင်ခန်းစာကတော့ ယနေ့ထိမမေ့ဘဲ အတွေ့အာရုံထင်နေတုန်းပါပဲ။ ရွေးကောက် ပွဲနဲ့ပတ်သက်လို့ လျှို့ဝှက်ဆန္ဒ မဲပေးခြင်းစနစ်ကို ကျင့်သုံးထားတာကြောင့် ဆန္ဒမဲပေးပိုင်ခွင့် မရှိသူ တွေထဲက (ပုဒ်မ ၃၉၂ကို ညွှန်းသည်) အချို့ ဒေသတွေမှာ လက်ရှိနေပြည်တော်အစိုးရက အားသွန်ခွန်စိုက်အရေးပါပါ ဂရုစိုက် လုပ်ဆောင်ပေးနေတာကို တွေ့ရပါ တယ်။ ငွေရေးကြေးရေးမကင်းတဲ့ ပစ္စည်းကူညီရေးနဲ့ ဘာသာရေး သွေးဆောင် မှုတွေပါ လုပ်ကိုင် ဆောင်ရွက်နေကြတာကို တွေ့ရပါတယ်။ (သာဓက အထောက်အထား အပြည့် အစုံ ပြနိုင်သည်) ချဉ်းကပ်မှုနည်းပရိယာယ်တွေ သိမ်သိမ်မွေ့မွေ့ လုပ်ဆောင်နေတာ ကြောင့်အတွေ့ အငွေ့ အထိအတွေ့ မခံနိုင်တဲ့ ပုဒ်မ ၃၉၂ ဆန္ဒမဲပေးပိုင်ခွင့်မရကြတဲ့ သူတွေထဲက မိမိတို့သာသနာ့ ၀န်ထမ်းတွေဟာ နှုတ်ထွက် စကားအမျိုးမျိုးနဲ့ လုပ်ဆောင်ချက် အမျိုးမျိုး ဖြစ်လာကြတာကို တွေ့ရလို့ နိုင်ငံရေးကူးပြောင်းမှု အာရုံများ သို့မဟုတ် အထွေထွေရွေးကောက်ပွဲရဲ့ စိုးရိမ်မှုများ ဖြစ်လာနိုင်လေမလားဆိုတာကို စိုးရိမ်မိတယ်။

● စောင့်ကြိုနေကြပါပြီ

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဟာ ကျင်းပဖို့ ၁၀ လလေးသာ လိုတော့တယ်။ ဒီရွေးကောက်ပွဲကို သက်ဆိုင်တဲ့ ပါတီကြီးငယ်တွေက အရန်သင့် ပြင်ဆင်ထားကြပါပြီလား။ များမကြာမီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကြားရတော့မယ်။ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေး ကောက်ပွဲကို လာမယ့် အောက်တိုဘာလ ကုန် သို့မဟုတ် နိုဝင်ဘာလ ပထမပတ်လောက်မှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောကြားခဲ့တာရှိပေမယ့် ယနေ့ထက်အထိ ထုတ်ပြန်ကြေညာခဲ့တာ မရှိသေးပါဘူး။ ယှဉ်ပြိုင် ကစားရ မယ့် နိုင်ငံရေးမို့ အမတ်လောင်း ကိုယ်စားလှယ်တွေ ပြင်ဆင်ထားကြဖို့ လိုပါပြီ။ ဒီ ၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲဟာ လွယ်လွယ်လေးနဲ့ လွှတ်တော်အမတ် မင်းကြီးဖြစ်ဖို့ မလွယ်ကူပါဘူး။ နဖူးတွေ့ ဒူးတွေ့ဖို့ သေချာတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကလိုနဲ့တော့ တခြားစီဖြစ်မယ်။ ဘယ်လိုဖြစ်နိုင်ပါ သလဲလို့ မေးရင် ပြည်သူတွေဟာ ပါတီကိုမကြည့်ဘဲ အရည်အချင်းပြည့်မီတဲ့ သူကိုပဲ ရွေးဖို့မြင်ကြမယ်။ လူရောမူရော (ပါတီရော) စည်းကမ်းသေ သပ်ပြည့်ဝမယ်ဆိုရင်တော့ ဧကန်မုချပြည် သူက ဆန္ဒမဲပေးမှာပါပဲ။ ပြည်သူ့အကျိုး ကို တကယ်သယ်ပိုး ရွက်ဆောင်မယ့် ပြည်သူ့ ကိုယ်စားလှယ်လောင်းတွေ ဟာ ပြည်သူနဲ့အတူ တစ်သားတည်း ရှိဖို့လိုပါတယ်။ မြန်မာပြည်လူထုဟာ နိုင်ငံရေးနိုးကြားမှု အရှိဆုံးလူမျိုးထဲကရှိသလို နိုင်ငံတော် အကျိုးအားလုံး ဖြစ်ထွန်းရေးကို လိုလားကြတယ်။ ဒီအတွက် လူတိုင်းသိပါတယ်။ ဒါကြောင့် အထွေထွေရွေးကောက်ပွဲကြီးကို ပြည်သူတွေက စောင့်ကြိုနေကြပါပြီ။

● အရန်သင့်ပြင်ဆင် ထားကြပါ

အဲဒါနဲ့ ပြည်သူလူထုတွေကို မေးပါရစေ။ လက်ရှိ နေပြည်တော်အစိုးရဟာ-

(၁) လူထုကန့်ကွက်ထားတဲ့ မြစ်ဆုံ စီမံကိန်းကိစ္စ၊

(၂) သိမ်းဆည်းခံ လယ်ယာမြေကိစ္စ၊

(၃) လူထုတစ်ရပ်လုံး ပြင်ဆင်လိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စနဲ့၊

(၄) ငြိမ်းချမ်းရေးစတဲ့ ကိစ္စတွေအားလုံးဟာ လက်ရှိနေပြည်တော်အစိုးရရဲ့ တာဝန်ခံထားတာပါ။ ဒီပြဿနာကို သူတို့တွေ အတိအကျဖြေရှင်းကြရမှာပါ။ ဒီကိစ္စအတွက်နဲ့ တစ်ကျော့ပြန် သက်တမ်းပြန်ယူကြဖို့ ကြိုးစားအား ထုတ်နေတဲ့ နေပြည်တော် အစိုးရဟာပြည်သူတွေဆီက ဆန္ဒမဲရဖို့ (နိုင်ဖို့) အရေးကြီးမှာပါ။ သူတို့အစိုးရအနေနဲ့ ဒုတိယ သက်တမ်းပြန်ရဖို့ဟာ ဒီထက်တိကျ ခိုင်မာတဲ့အလုပ်ကို လုပ်ကြရမှာပါ။ သူတို့ ကိုယ်တိုင်က ပြည်သူ လူထုတွေကို တိကျတဲ့ကတိစကား သို့မဟုတ် ကတိက၀တ်တွေ များ ပေးထားခဲ့တာ ရှိရင်ပေးတဲ့ကတိအတိုင်း အကြွေးများ တင်ထားနေသလို လူထုကို ကြွေးဆပ်ဖို့ သူတို့လုပ်ရမှာပါ။ ဒါဆိုရင် သူတို့တွေဟာ ဘယ် ပြည်သူ တွေရဲ့ မဲဆန္ဒနယ်မြေမှာယှဉ်ပြိုင်ကြမလဲ၊ သေချာပေါက် နိုင်မယ့် မဲဆန္ဒနယ်မြေကို ခုချိန်ခါမှ ကွင်းဆင်းပြီး စည်းလုံးသင့်ပါပြီ။ လူထုတွေက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းကို စမ်းသပ်စစ်ဆေး ဖို့ထိုင်ပြီး စောင့်နေကြပါပြီ။

ဒါကြောင့် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အရန် သင့်ပြင်ဆင်ထားကြဖို့ လိုအပ်နေပါပြီ။

● အရွေးမမှားကြပါနှင့်

တကယ်တော့ မြန်မာပြည်အထွေထွေ ရွေးကောက်ပွဲဟာယှဉ်ပြိုင်ရေးနဲ့ရွေးကောက် တဲ့ပွဲမဟုတ်ပါ။ နိုင်ကွက်ကို ကြည့်ပြီး အရွေးခံတာပါ။ ဘတစ်ပြန် ကျားတစ်ပြန်ယှဉ်ပြိုင်ရေး မဟုတ်ပါ။ ညှိနှိုင်းရေးနဲ့ ယှဉ်ပေးေ ရး ရွေး ကောက်နေကြတာပါ။ တကယ်တော့ တကယ့်သတိ္တ၊ ဗျတိ္တရှိတဲ့သူဟာ ဘက်မရှိ (ဘယ်ဘက်မဆို) ယှဉ်ပြိုင်ရဲ ရမယ်။ ဥပမာ- လက်ရှိ နိုင်ငံရေးခေါင်းဆောင်ဖြစ်တဲ့-

(၁) ဦးသိန်းစိန်

(၂) ဦးရွှေမန်း

(၃) ဦးတင်ဦး

(၄) ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ယှဉ်ပြိုင်ရဲရမယ်။ အဲဒီသူတွေနဲ့ ယှဉ်ပြိုင်မှ မိမိရဲ့အရည်အချင်း မြင့်မားလာ မယ်။ အဲဒီ ပုဂ်္ဂိုလ်တွေနဲ့ မယှဉ်ပြိုင်ရဲဘဲ ရေသာခို အချောင်လိုက်ပြီး နာမည်ကြီးတဲ့ ပါတီကြီးထဲကို ကုတ်ကုတ် ကတ်ကတ်ဝင်ပြီး အနိုင်ရယူချင်တဲ့ အမတ်လောင်းတွေ အခုဆိုရင် တန်းစီပြီး ရောက် လာနေကြတာကိုတွေ့ရ တယ်။ တချို့ပုဂ်္ဂိုလ်တွေက ယှဉ်ပြိုင်ခွင့်ပေးမှ ပါတီထဲဝင်မယ်ဆိုတဲ့ စော်ကားတဲ့ စကားနဲ့ အပြေးလေးနဲ့ ရောက် လာတာလည်း အလျှိုလျှိုပါပဲ။ ဒီအဖြစ်ဟာပြောယူတာ မဟုတ်ပါ။ တကယ့်ဖြစ်ရပ်ပါ။ တကယ် တော့ နိုင်ငံရေး ကို လုပ်မလား ဒါမှမဟုတ် နိုင်ငံရေးနဲ့ လုပ်စားဖို့လားတော့ မပြောနိုင်ပါ။ သေချာသလောက်က အမတ် ကြီး နေရာ ရောက်ရင် အဆင်ပြေရေးပါပဲလို့ မြင်ပါတယ်။ အဲဒီအတိုင်းသာလုပ်မယ့် အမတ် မင်းဆိုရင်ေ တာ့ ပြည်သူ တွေ အရွေးမမှားကြဖို့ သတိပေးပါတယ်။

● မျှော်မှန်းထားလွန်းရင်

ဒါဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးလို့ သမ္မတရွေးချယ်တဲ့အခါ သမ္မတဖြစ်လာမယ့်သူက ဘယ်သူဖြစ်ကြ မလဲ။ (ဖြစ်နိုင်မလဲ)

၁။ ဦးသိန်းစိန်-သမ္မတပြန်ဖြစ်မည်လား၊

၂။ ဦးရွှေမန်း- သမ္မတတက်ဖြစ်လာ မည်လား၊

၃။ NLD ပါတီဝင်ထဲ တစ်ဦးဦးက သမ္မတတက်ဖြစ်မည်လား၊ ဘယ်သူသမ္မတ တက်ဖြစ်မလဲဆို တာ ပြည်သူတွေ သေချာပေါက် သမ္မတဖြစ်လာမယ့် ပုဂ်္ဂိုလ်ဟာဘယ် သူ့ကိုမြင်ပါလဲဆိုတာ ပြည်သူတွေ သိချင်ကြမှာပဲ။ တကယ်တော့ သမ္မတကို ပြည်သူတွေက တိုက်ရိုက်ရွေးချယ်ပိုင်ခွင့် ရှိမယ်ဆိုရင်တော့ ပြည်သူ့ဆန္ဒ သမ္မတ ကောင်းတစ်ဦးဦးတော့ ရလာဖို့ (ဖြစ်လာဖို့) သေချာပါတယ်။ အခုကျတော့ဥပဒေ ပြဋ္ဌာန်းထား ပြီး လူထုကိုယ် စားလှယ်နဲ့ သမ္မတရွေးချယ်တဲ့စနစ်က လုပ်ထားတော့ လူထုမလိုချင် (မကြိုက်)တဲ့ သမ္မတပဲရ မှာ သေချာတယ်။ လူထုမကြိုက်တဲ့သူက သမ္မတ(ခေါင်းဆောင်) တက်လုပ်ရင် (ဖြစ်ရင်) တိုင်းပြည်အတွက် အကျိုးမများပါဘူး။ လူထုမကြိုက်နှစ်သက်တဲ့ သမ္မတကြောင့် တိုင်းပြည်အရပ်ရပ်မှာ ဖရိုဖရဲပြိုကွဲခဲ့ရတဲ့သာဓကတွေ အများကြီး ရှိခဲ့ တယ်။ မြန်မာပြည်လည်း ကြာလာရင် မဖြစ်လာနိုင်ဘူးလို့ မထင်ပါနဲ့။ သေချာစဉ်း စားကြည့်ရင် ဖြစ်နိုင်ပါတယ်။

ဟုတ်ပါပြီ။ သမ္မတဖြစ်လာတဲ့အခါ တိုင်းပြည်အတွက်ဘာလုပ်ပေးမလဲ၊ ဘယ်လိုနိုင်ငံရေး လမ်းစဉ်မျိုးနဲ့ သွား မလဲ၊ အရောင်ပြပြီး နိုင်ငံရေး ပုံပြင်ဟောမလား၊ ဘယ်လို သမ္မတမျိုး ဖြစ်လာမလဲဆိုတာ ပြည်သူ့ရင်မှာတော့ မသေချာမရေရာတဲ့ အိပ်မက်လေး လိုပါပဲ။ လေယူရာပါသွားတဲ့ မိုးတိမ်တွေက မြင်ရပါသေးရဲ့။ တိမ်တောင် သဖွယ်မင်းရေး ကျယ်ကျယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း အရေးကြီးအရာကျယ်တဲ့ ၂၀၁၅ ခုနှစ် အထွေ ထွေရွေး ကောက်ပွဲဟာ ကြိုတင်သင်ခန်း စာတွေရယူထားကြဖို့ လိုပါတယ်။ အပြော ကောင်းသူကိုကြည့်ပြီး အယုံမလွယ် ကူဖို့ သတိထားရမယ်။ ယုံတမ်းစကားပြောလို့ ဒါမှမဟုတ် နိုင်ငံရေးကတိတရားတွေပေး လို့ ပြည်သူတွေ တစ်ပုံ တစ်ခေါင်းကြီးတော့ အောပြီးတော့ မယုံကြည်လိုက်မိပါနှင့်ဦး။ အရှေ့မျှော်ဝါဒသခင်ကြီးတွေ နဲ့ တွေ့ရင် ဖြေမ ဆည်နိုင်ဘဲ အီသွားနိုင်ပါတယ်။ ဒါကြောင့် မျှော်မှန်းထားလွန်းရင် ပိုခံစားရတတ်ပါတယ်။

● စောင့်ကြိုနေကြပြီ

မြန်မာပြည်နိုင်ငံရေးဟာ မျှော်မှန်းထားသလို မရွေ့လျားတဲ့ နိုင်ငံရေး လမ်းစဉ်တွေ ဖြစ်လာပြီလားဆိုတာကို ပြည် သူတွေ တွေ့နေကြရပါပြီ မဟုတ်လား။ မုသာဝါဒ သိက္ခာပုဒ်ဆိုတာ နိုင်ငံရေးမူဝါဒမှာ မကျင့်သုံး၊ မဆောက် တည်ကြတာကြောင့် တွင် တွင်သာသာ မုသာဝါဒအခြေခံတဲ့ ဘုရင်ဖြစ်လာတဲ့သူတွေ အများကြီးပါပဲ။ ၀န်တွေ အမတ်တွေအကြောင်းကိုလည်း လေ့လာပါ။ ကပ်မြှောင်ဖားစား နေကြလို့သာ ၀န်တွေ အမတ်တွေဖြစ် လာကြ တာပါ။ အရည်အချင်း မြင့်မြင့်မားမား တိတိကျကျနဲ့ ရာဇအမတ်မင်းတွေဖြစ်လာကြတဲ့ သူတွေနည်း ပါးကြပါ တယ်။ ဘုရင်ခေတ်က ဘုရင့်ကို အချီးအမွမ်း၊ ချီးကျူးချီးမြှောက် ချီးမြှင့်မူ တော်ရင် သို့မဟုတ် အပေးအကမ်း များရင် မင်းအမတ် သို့မဟုတ် နယ်စားပယ်စား ဖြစ်လာကြတာပါပဲ။ ပုံပြင်လေးတစ်ပုဒ် နားဆင်ပါ။ အရှင်တို့ရွာ မှာ ပညာဗဟုသုတ မကြွယ်ဝဘဲ မင်းအမတ်ဖြစ်ခဲ့ဖူးတဲ့ ပုံပြင်အကြောင်း ရှိခဲ့ဖူးပါတယ်။ တစ်နေ့သော အခါ ပြည်သူအပေါင်း မေးခွန်းတွေမေးလို့ အဲဒီမေးခွန်းတွေကို မဖြေနိုင်လို့ ဆဲရေး တိုင်းထွာခံရ ဖူးပါသတဲ့။ ဆဲရေး တိုင်းထွာ ခံရတဲ့ပုံက ““မောင်သာသည် အနေလို့ မင်းအမတ်ဖြစ်သည်””လို့ ဆဲရေးတိုင်းထွာ လိုက်တာကိုပဲ မောင်ဘ ကိုယ်တိုင် နားနဲ့ ကြားရလို့ ၀မ်းသာရပါကြောင်း၊ သာဓုခေါ် ဆိုခဲ့ပါကြောင်းငယ်ကဆရာတွေက မိန့်ဆို ခဲ့တာကို ကြားခဲ့ရပါတယ်။

ဒီနေ့လည်း မောင်ဘဆိုတဲ့ ပြည်သူ့ကိုယ်စားလှယ် အမတ်မင်းတွေ စကားမှန်းမသိ၊ တရားမှန်းမသိဘဲ မတိမကျ မုသာဝါဒ နိုင်ငံရေးလမ်းစဉ်ကို ချမှတ်ကျင့်သုံး ဆောက်တည်စေတာကြောင့် မြန်မာပြည် နိုင်ငံရေး အဘိဓာန်ဟာ မော်ဒန်နိုင်ငံရေး မဖြစ်ဘဲ အော်လန်နိုင်ငံရေး ဖြစ်နေတာကို ဆူညံနေလို့ပါပဲ။ ဒီလို ဆူသံညံသံတွေပေး လို့ ညာသံများများ စကားကဲလွန်နိုင်ငံရေး ပွန်တဲ့စည်းရုံးရေးစကားကို ကြားရလို့ (ကြားရတော့) နားမလောင်ကြဘဲ သတိထား ကြပေါ့ပြည်သူတို့ရယ်။ ရှေးရှေးက မြန်မာ့ စကားပုံရှိခဲ့ဖူးသားပဲ။ ““ခုခါခုချိန်၊ ခေတ် ပြောင်းချိန်၊ လူလိမ်တွေများ သတိထား”” ဆိုပါသတဲ့။ ဒါကြောင့်““လိမ်ညာ ကင်းမဲ့တဲ့ ကတိတရားကိုပေးရဲတဲ့ ပြည်သူ့ အမတ်မင်းကြီး (အမတ်လောင်း)တစ်ဦးကို ရွေးကောက် တင်မြှောက်ချင်ရင် ကတိတည်သူက ကတိ ပေးရဲသူ၊ သစ္စာရှိသူ၊ မေတ္တာပြည့်သူ၊ နိုင်ငံရေးကို အလုပ်အကျွေးပြုမယ့်သူကို အရှင်တို့နေထိုင်တဲ့ မဲဆန္ဒနယ်ထဲကို လာ ရောက်ပြီးယှဉ်ပြိုင်ပါ။ ကြိုဆိုပါတယ်။ သစ္စာရှိရှိ ကတိတည်တည်နဲ့ ဆန္ဒမဲပေး မယ်””ဆိုတဲ့ အရှင်တို့ရဲ့ရွာသူ ရွာသားတွေရဲ့ ဆန္ဒစကားလည်း မှတ်သားစရာပါပဲ။ ဘယ်လောက်များ ကတိပေးရဲကြသလဲဆိုတာ““ချို့ယွင်း ချက်မရှိစေရပါ၊ နိုင်ကိုနိုင်ရမယ်””ဆိုပြီးတော့ ရဲရဲတောက် ကျုံးဝါးတဲ့ စကားဆိုရဲကြတဲ့ အရှင်တို့ရွာသူရွာသား တွေဟာ ဆန္ဒမဲပေးဖို့ စောင့်ကြိုနေကြပြီလေ။

● ၀င်ရောက်ထမ်းဆောင်ကြပါ

ပြည်သူတွေက ရဲရဲတောက်တဲ့ အမတ်လောင်းတွေကို လိုချင်ကြမယ် ထင်ပါလေရဲ့။ ယှဉ်ဝံ့သူရောက်လာတဲ့ (ရောက်လာမယ့်) အမတ်လောင်းတွေက ယက်ယက် ကောက်ဖြစ်နေရင် ပြည်သူတွေ ဘယ်လို လုပ်ကြမလဲ။ နှစ်ပြန်ထပ်တဲ့ အမတ်လောင်းတွေ၊ အစပ်စပ်ကပ်ထပ်တဲ့ အမတ်လောင်းတွေ ပြည်သူတွေရဲ့ မဲဆန္ဒနယ်ထဲကို ရောက်လာရင် ပြည်သူတွေ ဘယ်လိုလုပ်ကြမလဲ။ ခေတ်အဆက်ဆက် နာမည်ပျက်ထားပြီး နှိပ်စက် ညှဉ်းပန်း ထားခဲ့တဲ့သူတွေက တစ်ကျော့ပြန်နိုင်ငံရေး အမတ်လောင်းတွေ [ပြည်သူ့ကိုယ်စားလှယ်လောင်းတွေ] လုပ် ကြမယ်ဖြစ်တော့ ပြည်သူတွေ ဟာ နိုင်ငံရေးသတိကြီးဖို့ (ရှိဖို့) လိုပါတယ်။ အဲဒီပုဂိ္ဂုလ်မျိုးဟာ ကိုယ်စားလှယ် လောင်း ဖြစ်ထိုက်သူလား၊ ဖြစ်အပ်သူလားဆိုတာ ပြည်သူတွေ ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။ ပြည်သူ့ နိုင်ငံရေး လမ်းစဉ်ကို ချွတ်ချော်လွဲနေအောင် လုပ်ထားခဲ့တဲ့ အဲဒီနိုင်ငံရေး (၀ံပုလွေ)အမတ်တွေဟာ မိမိတို့နေထိုင်တဲ့ မဲဆန္ဒနယ်ထဲကို ယှဉ်ဝံ့သူအဖြစ်နဲ့ ၀င်ရောက်လာရင် ပြည်သူတွေရဲ့ အခွင့်အရေး (မိမိတို့ရဲ့ အခွင့်အရေး)ကို မမေ့ဖို့တော့ လိုမယ်။ မြန်မာပြည်ဟာ အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေ အများကြီးရှိ ပါတယ်။ တိုင်းပြည်လူမျိုးအတွက်နဲ့ ကြိုးပမ်းအား ထုတ်ကြဖို့ တိုက်တွန်းပါတယ်။ နိုင်ငံရေး ဆိုတာနှိပ်စက် ညှဉ်းပန်းရေး မဟုတ်ပါ။ လူထုရဲ့ဘ၀အရေးပါ။ အလွန်မြင့်မြတ်တဲ့ အလုပ်လုပ်ပါ။ ပုံပန်းမကျတဲ့ သူတွေရဲ့ အလုပ်မဟုတ်ပါ။ မြင့်မြတ်သာ လွန်တဲ့အလုပ်ဖြစ်ပါတယ်။ ဒီအလုပ်ကို စေတနာတရားထားပြီး ၀င်ရောက် ထမ်းဆောင်ကြဖို့ တိုက်တွန်းပါတယ်။

● သင်,ဘယ်တာဝန်ရှိပါသလဲ

ဒီနေ့ မြန်မာပြည်ဟာ နိုင်ငံရေးနဲ့ စိတ်ကုန်ကြတဲ့ သူတွေရှိကြပါတယ်။ အပန်းမကြီးတဲ့ စိတ်ကုန်တတ်မှု ဟာ ရောဂါတစ်မျိုးပါပဲ။ နိုင်ငံရေးနဲ့ စိတ်မကုန်ကြပါနဲ့။ တစ်မျိုးသားလုံးအရေးကို မိမိကိုယ်တိုင်က အားပေးကူညီ စောင့်ရှောက်ပေးရမယ့် တာဝန်ရှိပါတယ်။ နိုင်ငံတော် အတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို လိုက်နာစောင့် ထိန်းရမယ့်တာဝန်၊ ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်နဲ့ ကြိုးပမ်းအားထုတ် ဆောင်ရွက်ရမယ့် တာဝန်ဖြစ် တဲ့-

(က) အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ၊

(ခ) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုများ၊

(ဂ) လူ့စွမ်းအား အရင်းအမြစ်များ၊

(ဃ) အများပြည်သူပိုင် ပစ္စည်းများအတွက်ဟာ အရှင်တို့ မြန်မာ တစ်မျိုးသားလုံးရဲ့ တာဝန်ဝတ္တရားပါပဲ။ ဒီ တာဝန်ကို သိထားပါရဲ့နဲ့ မေ့ထားခဲ့ကြရင် အရှင်တို့တိုင်း ပြည်အရေးဟာ ခေါင်းစဉ်ပြောင်း၊ စကား ပြောင်းတွေ နဲ့ပဲ အချိန်ကုန်ဆုံးနေမယ်။ အရှုံးကြီး ရှုံးကြရမယ်။ အဖြစ်ရှုံး စနစ်ရှုံးရင် အရှင်တို့ မြန်မာတွေအရည်အချင်း ပျက် သုဉ်းကြလိမ့်မယ်။ ဒါကြောင့် တိုင်းပြည်အတွက်ထားရမယ့် တာဝန်ဝတ္တရားတွေကို တစ်ဦးချင်းကျေပွန်ကြဖို့ ထမ်းဆောင်ကြဖို့ ဖြစ်ပါတယ်။

အရှင်တို့တိုင်းပြည်ဟာ အရှင်တို့ ပိုင်ဆိုင်ရမယ်။ အရှင်တို့ အချုပ်အခြာဖြစ်ရ မယ်။ အရှင်တို့ရဲ့မူဟာ အရှင်ထူရ မယ်။ လူမတူပေမယ့် မူတူဖို့လိုတယ်။ အတူတူ သာ ဆောင်ရွက်လုပ်ကိုင်ရင် မကြည်ဖြူတဲ့ စိတ်တွေ၊ မနာလိုတဲ့ စိတ်တွေ ပပျောက်လာမှာပါပဲ။ ရင်းနှီးခြင်းဟာ ချစ်ခြင်းတရားကို ကိုယ်စားပြုသလို အမျက်ထွက်ပြီး နှုတ် ဆက် ခြင်းဟာလည်း ပဋိပက္ခကို ငြိမ်းစေတာပါပဲ။ ပဋိပက္ခကိုမငြှိမ်းနိုင်ရင် မြန်မာဟာ အချင်းချင်း လူသားမဆန်တော့ဘဲ ပျော်ရွှင်ဝမ်းမြောက်တဲ့ မင်္ဂလာတရားတော်နဲ့ ဝေးသွားကြရမယ်။ ဒါကြောင့် အမျိုးသား အရေးကို ရွေးဝယ် ယူတဲ့ စနစ်မဟုတ်တဲ့ နိုင်ငံရေးနဲ့ ဖေးမကူညီဆောင်ရွက်ကြ ဖို့ လိုလားကြရမယ်။

● မီးမောင်းထိုးပြပါ

မြန်မာတွေ သတိကလေးတစ်စု (တစ်မျိုး၊ တစ်ပါး) ပေးချင်ပါ တယ်။ ခေတ်စနစ် နိုင်ငံရေး လှည့်ကွက်ဟာ ရွေး ၀ယ်ယူတဲ့ စနစ်ပြနေတယ်။ ယဉ်ကျေးတဲ့လူသား ၀ါဒစနစ်တွေကို တော်လှန်နေတယ်။ သတိ္တကို ဖျက်ဆီးပြီး ဗျတ်္တိစွမ်းရည် နည်းအောင်လည်း လုပ်နေတယ်။ ထက်မြက်တဲ့ ဉာဏ်ရည်တွေ ကို တုံးစေအောင် လုပ်ကြတာ ကြောင့် ကြီးမားတဲ့ အာဃာတထား စရိုက်တွေများ ပြားလာတယ်။ အမျက်ဒေါသကြီးပွားတိုး နေတာကို အကြောင်းပြုပြီး နိုင်ငံရေးလှည့် ကွက်ဆင်တဲ့သူတွေဟာ-

(က) အကြမ်းဖက်နည်းက တစ်မျိုး၊

(ခ) သွယ်ဝှိုက်တဲ့နည်းက တစ်သွယ်၊

(ဂ) ငွေကြေးပုံပြီး အာရုံပြောင်းတာက တစ်နည်းနဲ့ နိုင်ငံရေးအာဏာကို လုပ်ယူကြတယ်။ ရယူကြတယ်။ ပုံသွင်း တဲ့နည်းအမျိုးမျိုး နိုင်ငံရေးအာဏာကို ယူနေကြတာကြောင့် မြန်မာ့နိုင်ငံရေးအာဏာလည်း ကောင်းစွာ ကျင့်သုံး ဆောက်တည်ကောင်းတဲ့ နိုင်ငံရေးစနစ်ရောက်ဖို့ ဝေးကြလေဦးမယ်။ လူတွေရဲ့ ကျင့်ဝတ်စည်းကမ်းတွေကို လိုက်နာအားထုတ်ကြပြီး တန်ဖိုးရှိတဲ့ လူ့ဂုဏ်သိက္ခာထားတဲ့ နိုင်ငံရေးအကျင့်ကို   မြန်မာ့နိုင်ငံရေးလမ်းစဉ်မှာ မီးမောင်းထိုးပြ နိုင်ရမယ်။

● နိဂုံး

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဤဖတ်စာဖြင့် သတိပေးပါတယ်။

““လွတ်လပ်ရေးကို ထိန်းသိမ်းပါ၊

လူကျင့်ဝတ်ကို လေးစားပါ၊

ညီညီညွတ်ညွတ် ဆောင်ရွက်ပါ၊

မဲရုံကိုသွားကြပါ၊

ဆန္ဒမဲကို ကြိုက်သူကိုပေးပါ၊

နာမည်ပျက်အမတ်လောင်းကို

မဲမပေးပါနှင့်၊

အကြမ်းဖက်ဝါဒညစ်သမားကို

သတိပြုပါ၊

ရယ်ရယ်မောမော

ပေါ့ပေါ့ပါးပါးနေကြပါ၊

၂၀၁၅ ခုနှစ်မှာ အားလုံးပျော်ရွှင်နိုင် ပါစေ။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald