တရားထိုင်နေသည့်ဟန်ဖြင့် ဘုန်းတော်ကြီးတပါး၏ မံမီရုပ်ကြွင်းကို သက်တမ်းအားဖြင့် ၁၁/၁၂ ရာစုခန့်က ဗုဒ္ဓဆင်းတုအတွင်းမှ တွေ့ရှိခဲ့သည်။ လေ့လာမှုကို ဗုဒ္ဓဘာသာ ကျွမ်းကျင်သူ အဲရစ်ဘရုဂ်ျက အဆိုပါ မံမီရုပ်လောင်းကို လေ့လာမှုပြုရာ တရုတ်တရားထိုင်သင်တန်းကျောင်းမှ တရားပြဆရာကြီး လျှုကွန်း၏ရုပ်လောင်းဟု သိရသည်။
အဆိုပါဗုဒ္ဓဆင်းတုကို နယ်သာလန်နိုင်ငံ Drents ပြတိုက်မှတာဝန်ရှိသူများက Meander ဆေးရုံတွင် CT Scan နှင့် endoscopy များဖြင့် လေ့လာမှုပြုခဲ့ကြခြင်းဖြစ်သည်။
ယင်းဗုဒ္ဓဆင်းတုတွင်း၌ ရဟန်းတော်၏ရုပ်ကြွင်းရှိနေသည်ကို ကြိုတင်သိရှိခဲ့ကြသော်လည်း ခန္ဓာကိုယ်တွင်းကလီစာများ ထုတ်ပယ်ထားသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရသည်။ ယင်းအပြင် တရုတ်ဘာသာဖြင့်ရေးသားထားသည့် စာခွေများကိုလည်း ဆင်းတုတွင်းမှ တွေ့ရှိရသည်။
Scan ဖတ်ပြီးနောက် မံမီရုပ်လောင်းအား ဘူဒါပက်မြို့ရှိ အမျိုးသားပြတိုက်တွင် မေလအထိ ထားရှိရန် ဟန်ဂေရီနိုင်ငံသို့ ပို့ဆောင်ခဲ့သည်။
ထိုသို့သောမံမီများသည် သေဆုံးသွားခြင်းမဟုတ်ဘဲ ဈာန်ဝင်စားနေခြင်းဖြစ်သည်ဟု ဗုဒ္ဓဘာသာဝင်အချို့ က ယူဆကြသည်။
ယခင်လအတွင်းကလည်း ကုမုဒ္ဒြာဟန်ဖြင့် တရားကျင့်နေသော မံမီရုပ်ကြွင်းတခု မွန်ဂိုးလီးယားတွင် တွေ့ရှိခဲ့ရသည်။ ယင်းရုပ်ကြွင်းသည် နှစ် ၂၀၀ ခန့်ရှိပြီဟု ယူဆရပြီး တိရစ္ဆာန်သားရေဖြင့် ရစ်ပတ်ထားသည်။
အစောပိုင်းမှန်းဆချက်များအရ ယင်းရုပ်ကြွင်းသည် တိဘက်ဗုဒ္ဓဘာသာဆရာ လားမားဒါသျှီဒေါ်ဂျိုအီတီဂျီလော့ဗ်၏ ရုပ်ခန္ဓာဖြစ်သည်ဟု ဆိုသည်။ ၁၈၅၂ ခုနှစ်ဖွား လားမားဒါသျှီဒေါ်ဂျိုသည် တိဘက်ဗုဒ္ဓဘာသာဝင် လားမားဘုန်တော်ကြီးဖြစ်ပြီး ဆေးစီမံထားခြင်းမရှိဘဲ ကြာရှည်တည်မြဲနေသည့် ရုပ်ခန္ဓာကြောင့် လူသိများသည်။
Ref;DailyMail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal