
ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အရှင်ပညာသာမိ (တောမှီရဟန်း) နှင့် ဝေပုလ္လတောင် ဆရာတော်အရှင်တေဇ၀န္တ (ကိုယ်လုပ်ကိုယ်ရ ဆရာတော်)တို့ ဦးဆောင် ၍ ဝေပုလ္လတောင်ကုန်းတော်မြတ်တွင် ဉာဏ်တော်ပေ ၃၅၀ အမြင့်ရှိ““လောကမာရဇိန မဟာစေတီတော်မြတ် ကြီး””အား တည်ထားကိုးကွယ်မည်ဖြစ်ရာ မြန်မာသက္ကရာဇ် ၁၃၇၇ခုနှစ်၊ ကဆုန်လပြည့်နေ့ စနေနေ့ (၂-၅-၁၅) မြတ်ဗုဒ္ဓနေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် အုတ်မြစ်စီ မင်္ဂလာအခမ်းအနားကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ တောင်ကလေးဆရာတော် အရှင်ပညာသာမိ (တောမှီရဟန်း)၊ ဝေပုလ္လ တောင်ဆရာ တော် အရှင်တေဇ၀န္တ (ကိုယ်လုပ်ကိုယ်ရဆရာတော်) တို့နှင့် တပည့်ဒါယကာ ဒါယိကာမများ၊ ရဟန်းရှင် လူပရိ သတ်များ ကြွရောက်ကြည် ညိုတော်မူကြသည်။ အခမ်းအနားတွင် ပရိသတ်များက တောင်ကလေးဆရာတော် ထံမှ ၉ ပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ကရင်ပြည်နယ် တွင် ဉာဏ်တော် အမြင့် ဆုံး စေတီတော် မြတ်ကြီးတည်ထားကိုးကွယ်ရခြင်း အကြောင်းနှင့် သာသနာ့ဒါယကာ၊ ဒါယိကာမများက သဒ္ဓါ တရားထက်သန် စွာဖြင့် လုပ်ဆောင်မှသာ စေတီတော်မြတ်ကြီး အောင်မြင်စွာပြီး စီးမည်ဖြစ် ပါကြောင်း တောင် ကလေးဆရာ တော်က သြ၀ါဒတရား ချီးမြှင့်တော်မူပါသည်။…
ထို့နောက် တောင်ကလေးဆရာတော်နှင့် ဝေပုလ္လတောင်ဆရာတော်တို့က အုတ်မြစ်စီမည့်နေရာ တွင် ကြွရောက် တော်မူပြီး သာသနာ့ဒါယကာ၊ ဒါယိကာမများက ရတနာရွှေအုတ်၊ ငွေအုတ်များကို လက်ဆင့်ကမ်း ပင့်ဆောင် ခြင်း၊ တောင်ကလေးဆရာတော်က မင်္ဂလာအချိန်တွင် အုတ်မြစ်စီတော်မူခြင်း၊ ရတနာပစ္စည်းများ ဌာပနာ တော် မူခြင်း၊ အမွှေးနံ့သာရည်ပက် ဖျန်းခြင်းများ ပြုလုပ်ကြပြီး ရဟန်းရှင် လူပရိသတ် အားလုံးတို့က “ဇယန္တော ဗောဓိ ယာမူလေ” ဂါထာတော် ၃ကြိမ်၊ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ၃ကြိမ်ရွတ်ဆိုကာ အုတ်မြစ်စီ မင်္ဂလာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဇွဲကပင်မျိုးတင့်လေး
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald